နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စိန်ရတုမွေးနေ့မှသည် ရတုအဆက်ဆက်ဆီသို့.

Posted on: 2020-06-19

425 Views

ပေါ်ပြူလာ ဗီဒီယိုများ , မွေးနေ့ဆုတောင်းစကား

ဒီနေ့ကတော့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၅ နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ အားလုံးသိထားတဲ့အတိုင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနဲ့ တိုင်းပြည်တာဝန်တွေကို နေ့မအား၊ ညမနား ထမ်းဆောင်လျက်ရှိပြီး မြန်မာနိုင်ငံကြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ အစွမ်းကုန်ဆောင်ရွက်လျက်ရှိပါတယ်။ စိန်ရတုတိုင်တဲ့အထိ မြန်မာ့နိုင်ငံရေးမှာ ရဲရဲတောက်ခြေလှမ်းတွေနဲ့ ဦးဆောင်လျက်ရှိရာ ယနေ့ကျရောက်တဲ့ မွေးနေ့မှသည် ပြုံးပန်းဝေဆာစွာ ခေတ်မီတိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီးဆီသို့ပြည်သူတွေနဲ့အတူ အရောက်လှမ်းနိုင်ပါစေလို့Star Channel မိသားစုကနေပြီးတော့ လှိုက်လှိုက်လဲှလှဲဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

Director : StarChannel

Actors : -

ဗွီဒီယိုများ