ဘယ်လ်ဂျီယံက အစဉ်အလာ၊ စုဖွဲ့မှုသာသလို ရုရှားမှာလည်း အိမ်ရှင်အားသာချက်ရှိတယ်...ပွဲကြိုခန့်မှန်းချက်

Posted on: 2021-06-12

453 Views

အားကစား , အယ်ဒီတာ့အာဘော်

မနေ့ညက ယူရို ၂၀၂၀ ပြိုင်ပွဲအဖွင့်ပွဲအဖြစ် တူရကီနဲ့ အီတလီတို့ ရင်ဆိုင်ခဲ့ပြီးနောက် ဒီညမှာတော့ ပုံမှန်အတိုင်း ၃ပွဲကျင်းပမှာဖြစ်ပါတယ်။ ၃ပွဲစလုံးက သူ့အတိုင်းအတာနဲ့သူ စိတ်ဝင်စားစရာကောင်းတာမှန်ပေမယ့် နောက်ဆုံးပွဲဖြစ်တဲ့ ဘယ်လ်ဂျီယံ - ရုရှားပွဲကတော့ စိတ်ဝင်စားစရာအကောင်းဆုံးပါ။ ဘယ်လ်ဂျီယံက အစဉ်အလာပိုင်းနဲ့ ကစားသမားစုဖွဲ့မှုအပိုင်းမှာ ရုရှားထက် အသာရနေပေမယ့် ဒီပွဲကို စိန့်ပီတာစဘတ်မှာ ကျင်းပမှာဖြစ်လို့ ရုရှားမှာလည်း အိမ်ရှင်အားသာချက်အပြည့်ရှိနေပါတယ်။ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘယ်လ်ဂျီယံအသင်း မျှော်လင့်ထားသလို အမှတ်ပြည့်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ ယူရို ၂၀၂၀ အုပ်စုပွဲစဉ်များ =============== ဝေးလ် - ဆွစ်ဇာလန် (ည ရး၃၀) ဒိန်းမတ် - ဖင်လန် (ည ၁၀း၃၀) ဘယ်လ်ဂျီယံ - ရုရှား (နံနက် ၁း၃၀)

Director : -

Actors : -

ဗွီဒီယိုများ