ကားခရေဇီ ဘန်ဇီးမား စုဆောင်းထားတဲ့ ပေါင် ၆ သန်းတန်ကြေးရှိ အဆင့်မြင့်မော်တော်ကားများအကြောင်း

Posted on: 2022-08-15

272 Views

အားကစား , Star တို့၏ ဘဝနေထိုင်မှု

ဘန်ဇီးမားက ကားခရေဇီ တစ်ယောက်လား…. -------------------------------------------- ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ဘန်ဇီးမားဟာ ပြင်ပဘဝမှာတော့ ငွေသုံးကြမ်းသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် သူရဲ့အိမ်ထဲမှာ လှပတဲ့ကားတွေကို သိမ်းဆည်းထားတယ်ဆိုရင်တော့ အံ့သြစရာတော့မရှိပါဘူး။ ပီအက်စ်ဂျီအသင်းကို ၁၇ မိနစ်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရီးရဲလ်ကြယ်ပွင့်ဟာ ခန့်မှန်းခြေ ပေါင် ၆ သန်းလောက် တန်ကြေးရှိတဲ့ မော်တော်ကားတွေကို စုဆောင်းထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ပေါင် ၂.၅ သန်းတန် Bugatti Chiron မော်တော်ကားကို ဝယ်ယူခဲ့တဲ့ ဘန်ဇီးမားဟာ အလွန်ရှားပါးတန်ဖိုးကြီးလှတဲ့ ပေါင် ၁.၅ သန်းတန် Bugatti Veyron ကားတစ်စီးနဲ့ Ferrari 458 Spider ကားတစ်စီးအပါအဝင် လှပတဲ့မော်တော်ကားပေါင်းများစွာကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Director : -

Actors : -

ဗွီဒီယိုများ