ဘာစီလိုနာနဲ့ မက်ဆီတို့အတွက် အရေးကြီးဆုံးအချိန်ရောက်ပြီ. ..ချန်ပီယံလိဂ်ပွဲကြိုခန့်မှန်းချက်

Posted on: 2020-08-08

460 Views

အားကစား , အယ်ဒီတာ့အာဘော်

ဒီညမှာလည်း ချန်ပီယံလိဂ် ၂ပွဲရှိပြီး မနေ့ကလို အကြိတ်အနယ်ရှိလာနိုင်တဲ့ပွဲလည်း ပါဝင်နေပါတယ်။ မနေ့ညက အိမ်ရှင်တစ်သင်းနဲ့ ဧည့်သည်တစ်သင်းတို့ ကွာတားဖိုင်နယ်တက်ရောက်သွားနိုင်ခဲ့ပြီး ဒီညမှာလည်း ဘာစီလိုနာအသင်းအတွက် အရေးကြီးပွဲရှိနေပါတယ်။ နေပယ်မှာ ၁-၁ ဂိုးသရေကျထားတဲ့ နာပိုလီကို နူးကမ့်မှာ ဘာစီလိုနာအသင်း ဧည့်ခံကစားရမှာဖြစ်ပြီး ဝ-၀ သရေကျရင် နေက်တစ်ဆင့်တက်နိုင်မှာဖြစ်ပေမယ့် ဘာစီလိုနာအတွက် အမှားခံလို့မရတဲ့အနေအထားမှာရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ ပ-အကျော့ လန်ဒန်မှာ ၃ဂိုးပြတ်အနိုင်ရထားပြီးဖြစ်လို့ ဒီပွဲမှာ စိတ်အေးလက်အေးကစားလို့ရပြီး ချဲလ်ဆီးကတော့ ဖောင်ဖျက်တိုက်ရမယ့်အနေအထားမှာရှိနေပါတယ်။ ချန်ပီယံလိဂ် ၁၆သင်းအဆင့် (ဒု-အကျော့) ================================ ဘိုင်ယန်မြူးနစ် - ချဲလ်ဆီး (နံနက် ၁း၃၀) ဘာစီလိုနာ - နာပိုလီ (နံနက် ၁း၃၀)

Director : -

Actors : -

ဗွီဒီယိုများ