ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်ယူမှရမယ့် ချဲလ်ဆီးနဲ့ အမှတ်လိုနေတဲ့ ယူနိုက်တက်တို့ရဲ့ည

Posted on: 2022-12-27

211 Views

အားကစား , အယ်ဒီတာ့အာဘော်

ချဲလ်ဆီး Vs ဘုန်းမောက် ( ည ၁၂ နာရီ ) မန်ချက်စတာယူနိုက်တက် Vs နော်တင်ဟမ်ဖောရက်စ် ( ည ၂ နာရီခွဲ ) ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲဆက်ရှုံးပြီး ရလဒ်တွေဆိုးရွားနေတဲ့ ချဲလ်ဆီးအသင်းနဲ့ နောက်ပိုင်းပွဲတွေမှာ တိုက်စစ်စွမ်းဆောင်ရည် ကောင်းလာတဲ့ ဘုန်းမောက်တို့ရဲ့ပွဲစဉ်ကတော့ ည ၁၂ နာရီမှာ ကစားသွားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက နောက်ဆုံး ၃ ပွဲကို ဂိုးမသွင်းနိုင်ပဲ တိုက်စစ်ပိုင်းက စွမ်းဆောင်ရည် ကျဆင်းနေမှုကို ဒီပွဲမှာ ချိုးဖျက်နိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ည ၂ နာရီခွဲမှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်ကတော့ လက်ရှိတန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာပါ။ ယူနိုက်တက်ရဲ့ ရလဒ်တွေက ရာသီအစပိုင်းမှာ ဆိုးခဲ့ပေမယ့် တဖြည်းဖြည်း တည်ငြိမ်လာပြီး လက်ရှိအဆင့် ၅ နေရာထိ ရောက်ရှိလာပါတယ်။ ဒါပေမယ့် တိုက်စစ်က ရော်နယ်ဒိုရဲ့ ထွက်ခွာရမှုနဲ့အတူ နဂိုကတည်းက ဂိုးရဖို့ရုန်းကန်နေရတာကြောင့် ဒီပွဲလို နိုင်သင့်နိုင်ထိုက်တဲ့ ပွဲမျိုးကို ယူနိုက်တက်တို့ အနိုင်ကန်နိုင်ပါ့မလားဆိုတာကို ဘောလုံးစတားရဲ့ ပွဲကြိုသုံးသပ်ချက် အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

Director : -

Actors : -

ဗွီဒီယိုများ