၂၀၁၇ ဗိုလ်လုပွဲအတိုင်းဖြစ်လာမလား... ၂၀၁၉ ယူရိုပါလိဂ်ဗိုလ်လုပွဲလိုဖြစ်လာမလား... ပွဲကြိုခန့်မှန်းချက်

Posted on: 2020-08-01

456 Views

ပေါ်ပြူလာ ဗီဒီယိုများ , အယ်ဒီတာ့အာဘော်

ဒီည ၁၁ နာရီဆိုရင် ဝင်ဘလေကွင်းကြီးထဲမှာ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ရင်ဆိုင်ကြတော့မှာဖြစ်ပါတယ်။ အာတီတာနဲ့ လမ်းပတ်တို့အတွက် နည်းပြဘ၀ ပထမဆုံးဆုဖလားဖြစ်လို့ အစွမ်းကုန်ပြင်ဆင်လာမှာပါ။ နောက်ပြီး နှစ်သင်းစလုံးအတွက် ဖလားလက်မဲ့ရာသီမဖြစ်ရေး နောက်ဆုံးအခွင့်အရေးလည်းဖြစ်လို့ အားကုန်ရုန်းကစားမှာသေချာပြီး အာဆင်နယ်ဆိုရင် ယူရိုပါလိဂ်ဝင်ခွင့်ရဖို့အတွက်ပါ သက်ဆိုင်နေပါတယ်။ သူတို့နှစ်သင်းဟာ ၂၀၁၇ ဗိုလ်လုပွဲတုန်းကလည်း ရင်ဆိုင်ခဲ့ဖူးပြီး အဲဒီတုန်းက အာဆင်နယ်အသင်း ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ အမှတ်ပေးပြိုင်ပွဲကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီးသား ချဲလ်ဆီးက အာဆင်နယ်ကို ၄-၁ ဂိုးနဲ့အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ပြီး အဲဒီတုန်းက အာဆင်နယ်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာရော ဘယ်အသင်းအနိုင်ရသွားမယ်ထင်လဲပရိသတ်ကြီး... အက်ဖ်အေဖလားဗိုလ်လုပွဲ (စနေည) ------------------------------------ အာဆင်နယ် - ချဲလ်ဆီး (ည ၁၁:၀၀)

Director : -

Actors : -

ဗွီဒီယိုများ