Posted on: 2022-11-07
171 Views
တန်ဆောင်မုန်းလပြည့်နေ့ညမှာ မြတ်စွာဗုဒ္ဓသည် အဇာတသတ်မင်း၏ မေးခွန်းကို ဖြေဆိုသောအားဖြင့် သာမညဖလသုတ်ကို ဟောကြားတော်မူခဲ့သဖြင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလနေ့ ဟု သတ်မှတ်ကြပါသည်။ သာမညဖလ ဆိုသည်မှာ သမဏအကျင့်၏ ရလဒ် ဟု အဓိပ္ပါယ်ရှိသည်။ သာမဏအကျင့်ဆိုသည်မှာ ရင်တွင်းအပူများကို ငြိမ်းစေနိုင်သည့်ကျင့်စဉ်ဖြစ်ပါသည်။ သီလစည်းကမ်းကိုလေးစားခြင်း၊ စိတ်တည်ငြိမ်မှု သမာဓိ ရအောင်ကြိုးစားခြင်း။ အသိပညာ တိုးပွါးအောင်အားထုတ်ခြင်းဖြင့် ရင်းတွင်းအပူများကို လျော့ချနိုင်သည့် သမဏကျင့်စဉ်ကို ကျင့်သုံးနိုင်ကြပါစေ။ ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာနန္ဒမာလာဘိဝံသ
Director : -
Actors : -