ကြောက်လည်းကြောက်၊ မဖြစ်မနေလည်း ကျော်ဖြတ်ရတဲ့ စာမေးပွဲဆိုတာကြီးကို ဘယ်သူတီထွင်ခဲ့တာလဲ

Posted on: 2021-04-18

470 Views

ပေါ်ပြူလာ ဗီဒီယိုများ , လောကအကျိုးပြုတီထွင်သူများ

ကျွန်တော်တို့အားလုံး ငယ်ငယ်လေးကတည်းက လူလတ်ပိုင်းအရွယ်ရောက်တဲ့အထိ အမြဲတမ်းနီးပါး ထိတွေ့ကျော်ဖြတ်နေရတဲ့အရာတစ်ခုရှိပါတယ်။ ကြောက်လည်းကြောက်၊ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်တဲ့အရာဖြစ်ပြီး စာမေးပွဲလို့ ခေါ်ပါတယ်။ စာမေးပွဲဆိုတာ ငယ်ငယ်ကတည်းက ရင်းနှီးလာတဲ့နာမည်ဖြစ်ပေမယ့် စာမေးပွဲဖြေခါနီးတိုင်း အများစုကတော့ လက်ဖျားခြေဖျားတွေ အေးစက်လာတဲ့အထိ ကြောက်ကြပါတယ်။ ပညာရေးနဲ့ပတ်သက်လို့ စာမေးပွဲဆိုတာ မဖြစ်မနေဒီလိုစာမေးပွဲတွေကို ဘယ်သူကများတီထွင်လိုက်တာလဲဆိုတဲ့မေးခွန်းကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒီတော့ စာမေးပွဲဆိုတဲ့အရာကြီး ပေါ်ထွက်လာပုံနဲ့ တီထွင်သူအကြောင်း တင်ဆက်ပေးချင်ပါတယ်။

Director : -

Actors : -

ဗွီဒီယိုများ