Posted on: 2022-11-06
167 Views
ဒီနေ့ကတော့ မိန်းကလေးတွေရဲ့ အသည်းစွဲ ဦး တစ်ယောက်ဖြစ်တဲ့ မင်းသားလီဒုန်ဝုရဲ့ ၄၁ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ လီဒုန်ဝုကို ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဆိုးလ်မြို့ဇာတိပဲ ဖြစ်ပါတယ်။ လီဒုန်ဝုအပြင် Exo အဖွဲ့ဝင်ဟောင်း Chris Wu၊ After ရုပ်ရှင်တွေရဲ့ အဓိကမင်းသား Hero Fiennes Tiffin ၊ Amazing Spider Man မင်းသမီး Emma Stone တို့ဟာလည်း ဒီနေ့မှာမွေးဖွားခဲ့ကြတာ ဖြစ်ပါတယ်။ လီဒုန်ဝုနဲ့အတူ တစ်နေ့တည်းမှာ မွေးဖွားခဲ့ကြတဲ့ ကမ္ဘာကျော်ကြယ်ပွင့်အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အနုပညာအလုပ်တွေမှာလည်း ပိုမိုအောင်မြင်မှု ရရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Director : -
Actors : -