ယူနိုက်တက်အသင်း လက်စားချေနိုင်မလား...စီးတီးကပဲ ထပ်မံကျော်ဖြတ်နိုင်ဦးမလား...

Posted on: 2021-01-06

450 Views

အားကစား , အယ်ဒီတာ့အာဘော်

ဒီညမှာတော့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်အဖြစ် မန်ချက်စတာဒါဘီပွဲကို ရှုစားရမှာဖြစ်ပြီး မနှစ်ကလည်း ဒီလိုအဆင့်မှာ ဒီနှစ်သင်းပဲ ရင်ဆိုင်ခဲ့တာပါ။ အဲဒီတုန်းက ၂ကျော့ကစားခဲ့ရပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကျော့တည်းကစားရမှာပါ။ ပြီးခဲ့တဲ့ရာသီကတော့ စီးတီးက နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးနဲ့ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီး ဒီနှစ်မှာ ဗိုလ်စွဲနိုင်ရင် လီဗာပူးရဲ့ ၄နှစ်ဆက်ချန်ပီယံဖြစ်တဲ့စံချိန်ကို လိုက်မီနိုင်မှာဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ပြီးခဲ့တဲ့ရာသီက ဆီမီးဖိုင်နယ်ကျိန်စာသင့်ခဲ့ရတာကို ဒီနှစ်မှာ ချေဖျက်နိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး ဒီလိုပွဲကြီးပွဲကောင်းကို ကျွန်တော်တု့ိဘောလုံးစတားရဲ့ အယ်ဒီတာတွေက ရှုထောင့်ပေါင်းစုံကနေ ဆွေးနွေးသုံးသပ်ထားပါတယ်။ ကာရာဘောင်ဖလားဆီမီးဖိုင်နယ် ================= ယူနိုက်တက် - မန်စီးတီး (နံနက် ၂း၁၅)

Director : -

Actors : -

ဗွီဒီယိုများ