ရော်နယ်ဒိုကို ခေါင်းဆောင်မင်းသား ပြန်ထားလာတဲ့ အိပ်မက်ဇာတ်ခုံမှာ ငှက်ကျားတွေအတွက် နေရာမရှိတော့ပြီလား

Posted on: 2021-09-11

475 Views

အားကစား , အယ်ဒီတာ့အာဘော်

ဒုတိယပိုင်းမှာလည်း ယူနိုက်တက်၊ ချဲလ်ဆီးပွဲတွေပါဝင်နေပြီး ဒီညမှာ ပရိသတ်စိတ်ဝင်အစားဆုံးပွဲကတော့ ယူနိုက်တက်-နယူးကာဆယ်ပွဲဖြစ်နေပါတယ်။ ဒါကလည်း ရော်နယ်ဒိုရဲ့ တစ်ကျော့ပြန်ပွဲဦးထွက်ပွဲဖြစ်လာနိုင်လို့ဖြစ်ပြီး အိမ်ကွင်းလည်းဖြစ်လို့ ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ရဲ့ ပြန်လည်ပေါင်းစည်းမှုက အဖွင့်လှဖို့ များနေပါတယ်။ ချဲလ်ဆီးကလည်း နောက်ကျပွဲစဉ်အဖြစ် ခန့်မှန်းရခက်တဲ့ အက်စတွန်ဗီလာကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံရမှာဖြစ်ပြီး တိုက်စ်မှူး လူကာကူအတွက်လည်း ဒုတိယမြောက် အိမ်ကွင်းပွဲဦးထွက်ပွဲဖြစ်လာနိုင်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၄) ============= ယူနိုက်တက် - နယူးကာဆယ် (ည ၈း၃၀) ဆောက်သမ်တန် - ဝက်စ်ဟမ်း (ည ၈း၃၀) ဝက်ဖို့ဒ် - ဝုဗ် (ည ၈း၃၀) ချဲလ်ဆီး - အက်စတွန်ဗီလာ (ည ၁၁း၀၀) . ပြောင်းလဲနားဆင်ပေးပါရန် =================== ကျွန်တော်တို့ရဲ့ အယ်ဒီတာ့အာဘော်အစီအစဉ်မှာ ပွဲပယ်သတင်းနဲ့ပတ်သက်လို့ အခုမှ သတင်းတက်လာတဲ့အတွက် ဗီဒီယိုထဲမှာ ပြောထားတာတွေက အဆင်မပြေဖြစ်သွားပါတယ်။ ဗီဒီယိုထဲမှာ တောင်အမေရိကကစားသမားတွေ ပွဲပယ်ခံထားရတဲ့အကြောင်း ဆွေးနွေးပြောဆိုထားမှုတွေကို ပါဝင်နိုင်မယ့်အကြောင်း ပြောင်းလဲနားဆင်ပေးဖို့ လေးစားစွာ အသိပေးလိုပါတယ်။ ကျွန်တော်တို့ဘက်က ဗီဒီယိုရိုက်ချိန်မှာ Update သတင်း မထွက်သေးလို့ အခုလိုဖြစ်သွားတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Director : -

Actors : -

ဗွီဒီယိုများ