လိဂ် ၉ပွဲဆက်ကြေးအောင်ထားတဲ့ဝက်စ်ဟမ်းနဲ့ လိဂ်အဝေးကွင်း ၈ပွဲဆက်အနိုင်ရထားတဲ့ မန်ယူတို့ထိပ်တိုက်အဆုံ

Posted on: 2020-12-05

445 Views

အားကစား , အယ်ဒီတာ့အာဘော်

ဒီညမှာ ပရီးမီးယားလိဂ် ၄ပွဲရှိပေမယ့် အသင်းကြီးပွဲတွေဖြစ်လို့ ပွဲတိုင်းက ကြည့်ကောင်းလာနိုင်ပါတယ်။ အထူးသဖြင့် မန်စီးတီး၊ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ပွဲတွေက စိတ်ဝင်စားစရာပိုကောင်းနေပြီး ယူနိုက်တက်ကလွဲလို့ ကျန်အသင်းကြီးနှစ်သင်းက အိမ်ကွင်းမှာ ကစားရမှာပါ။ ယူနိုက်တက်ကတော့ ကြေးတွေဆက်တိုက်အောင်နေတဲ့ ဝက်စ်ဟမ်းနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း လိဂ်အဝေးကွင်း ၈ပွဲဆက် အနိုင်ရထားလို့ ဒီပွဲက ပိုမိုစိတ်ဝင်စားစရာကောင်းနေပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) ============ ဘန်လေ - အဲဗာတန် (ည ရး၀၀) မန်စီးတီး - ဖူလ်ဟမ် (ည ၉း၃၀) ဝက်စ်ဟမ်း - ယူနိုက်တက် (ည ၁၂း၀၀) ချဲလ်ဆီး - လိဒ်ယူနိုက်တက် (နံနက် ၂း၃၀)

Director : -

Actors : -

ဗွီဒီယိုများ