ချန်ပီယံလိဂ်ဂိုးပြတ်အောင်ပွဲကနေ သူတို့ပြန်အလာကို နောဝစ်ချ်နဲ့ ဘရိုက်တန် ဘယ်လိုကြိုဆိုမလဲ...

Posted on: 2021-10-23

792 Views

အားကစား , အယ်ဒီတာ့အာဘော်

ဒီညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၉အဖြစ် ၆ပွဲအထိ ကစားမှာဖြစ်ပြီး အဖွင့် အပိတ်ပွဲတွေက ပိုမိုစိတ်ဝင်စားစရာကောင်းနေပါတယ်။ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ဟာ ချန်ပီယံလိဂ်မှာ ဂိုးပြတ်အောင်ပွဲရယူလာပြီးနောက် ပရီးမီးယားလိဂ်မှာ နောဝစ်ချ်၊ ဘရိုက်တန်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ည ၈ခွဲပွဲတွေကလည်း ခြေသိပ်မကွာတဲ့အသင်းတွေ အားစမ်းမှာမို့လု့ိ တစ်မျိုးတစ်ဖုံ ကြည့်ကောင်းလာနိုင်ပါတယ်။ နောဝစ်ချ်ကို ဧည့်ခံကစားရမယ့် ချဲလ်ဆီးထက်စာရင် ဘရိုက်တန်နဲ့ အဝေးကွင်းပွဲကစားရမယ့် စီးတီးက ပွဲကျပ်နေတာမှန်ပေမယ့် ချဲလ်ဆီးအနေနဲ့ တိုက်စစ်ပိုင်းပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၉) ============ ချဲလ်ဆီး - နောဝစ်ချ် (ညနေ ၆း၀၀) ပဲလေ့စ် - နယူးကာဆယ် (ည ၈း၃၀) အဲဗာတန် - ဝက်ဖို့ဒ် (ည ၈း၃၀) လိဒ် - ဝုဗ် (ည ၈း၃၀) ဆောက်သမ်တန် - ဘန်လေ (ည ၈း၃၀) ဘရိုက်တန် - မန်စီးတီး (ည ၁၁း၀၀)

Director : -

Actors : -

ဗွီဒီယိုများ