You are currently offline. Check your connection.

ကမ္ဘာပေါ်က ရှေးအကျဆုံး စာအုပ် ၈ အုပ် အပိုင်း (၂)
243 Views
4th Jan, 2023
လူသားတွေဟာ စာရေးသားခြင်းစနစ်ကို ဘီစီ(၃၀၀၀)ကာလလောက်ကတည်းက တီထွင်ဖန်တီးခဲ့ကြတယ်လို့ မှတ်တမ်းတွေအရသိရှိရပြီး အထူးသဖြင့် Mesopotamia ၊ Sumerian ၊ Akkadain နဲ့ ရှေးအီဂျစ်လူအဖွဲ့အစည်းတွေလက်ထပ်မှာ တွင်တွင်ကျယ်ကျယ်ကိုအသုံးပြုခဲ့ကြပါတယ်။ ပေစာ၊ကျောက်စာမှတ်တမ်းတွေကတော့ (၂၆၀၀)ဘီစီလောက်ရောက်မှစတင်ထွန်းကားလာခဲ့ပြီး အများစုကတော့ ကျောက်စာ တွေဖြစ်ကြပါတယ်။ ယင်းကနေ ပေစာတွေ၊နောက်ပိုင်းအဆင့်ဆင့် စာအုပ်၊စာပေတွေ ထွန်းကားလာခဲ့ပြီး စာပေဗဟုသုတရဲ့တန်ဖိုးဟာ လူသားမျိုးနွယ်အဆက်ဆက်တောက်ပြောင်လာခဲ့ရပါတယ်။