You are currently offline. Check your connection.

အဲကွန်းတီထွင်ကာ လူသားတွေအတွက် အကျိုးပြုပေးခဲ့တဲ့ Wills Carrier
282 Views
30th Apr, 2023
နွေရာသီလိုကာလတွေမှာ အိမ်ပိုင်ရှင်အများစုရဲ့ ဆန္ဒကတော့ မိမိတို့နေအိမ်ကို အပူအအေးမျှမျှတတနဲ့ သက်သက်သာသာနေထိုင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ခုလိုကာလမျိုးမှာဆိုရင် အဲကွန်းအခန်းထဲမှာ အေးအေးလူလူနဲ့ အနားယူနေရတဲ့ ခံစားမှုဟာ ဘဝအမောအတော်များများကိုတော့ မေ့လျော့သွားစေမှာပါ။ လူသားတွေရဲ့ နေထိုင်မှုပုံစံကို အပြောင်းအလဲကြီးပြောင်းလဲသွားစေနိုင်တဲ့ အရာတွေမှာ အဲကွန်းတွေဟာ အရေးပါတဲ့ နေရာကနေ ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။