You are currently offline. Check your connection.

အကယ်ဒမီတိုင်းက ငြင်းတဲ့ ချာတိတ်လေးဘဝကနေ ကမ္ဘာ့ဖလားပိုင်ရှင်ဖြစ်လာတဲ့ အန်တိုနီဂရစ်ဇ်မန်း
546 Views
10th Jul, 2020
အန်တိုနီဂရစ်ဇ်မန်းဆိုတာ ပြင်သစ်လက်ရွေးစင်ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး စပိန်ကလပ် ဘာစီလိုနာအသင်းမှာ ကစားနေပါတယ်။ ပြင်သစ်နိုင်ငံ မေကွန်ဒေသမှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက ဘောလုံးသမားတစ်ယောက် ဖြစ်ဖို့ ဆန္ဒပြင်းပြခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မျိုးရိုးဗီဇကြောင့် အရပ်နဲ့ခန္ဓာကိုယ်ကတော့ ဖွံ့ဖြိုးမှု နှေးခဲ့တာကြောင့် ကလပ်အသင်းအတော်များများရဲ့ လူငယ်စီမံကိန်းတွေရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။