You are currently offline. Check your connection.
ဘောလုံးကဝေတို့ရဲ့ မွေးဖွားရာ ဘရာဇီးအသင်းရဲ့ နောက်ထပ် ထုတ်ကုန်အသစ်တစ်ခု (သို့) အန်တိုနီ ဆန်းတို့စ်
298 Views
12th Mar, 2023
၂၀၂၂ခုနှစ် ဩဂုတ်လ၃၀ရက်နေ့မှာ ယူနိုက်တက်အသင်းက ပေါ်တူဂီကြယ်ပွင့် လူးဝစ်စ် နာနီ ထွက်ခွာသွားပြီးနောက်ပိုင်း သူတို့အသင်းရဲ့ တိုက်စစ်ညာခြမ်းမှာ ကာလရှည်ပျောက်ဆုံးနေခဲ့တဲ့ အရည်အသွေးမြှင့် ကမ္ဘာ့အဆင့် ညာတောင်ပံစစ်စစ် ကို ထပ်မံအားဖြည့်ဖို့အတွက် အကြိမ်များစွာ ကြိုးစားခဲ့ဖူးပြီး ထင်ထားသလောက် ဖြစ်မလာခဲ့ကြပြီးနောက် အေဂျက်စ်အသင်းနဲ့ အတူ မှော်ဆန်တဲ့ ဘောလုံးအလှအပ ကစားဟန်တွေ ပြသကာ နယ်သာလန်လိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ ပုံစံကောင်းတွေ ဆက်တိုက်ပြသထားနိုင်ခဲ့တဲ့ ဘရာဇီးညာတောင်ပံ ကစားသမား အန်တိုနီဆန်းတို့စ် ကို နယ်သာလန်လိဂ် တစ်ခုလုံးရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေးချေကာ အို့ထရက်ဖို့ဒ်ဆီကို အမိအရ ခေါ်ယူခဲ့ပါတယ်။