You are currently offline. Check your connection.

အသင်းကြီးရဲ့ပါဝါလွန်ဆွဲပွဲမှာ ဘယ်အသင်း အသာရသွားမလဲ...ပွဲကြိုခန့်မှန်းချက်
ကြည့်ရှုသူ ၄၅၉ ဦး
၂၆ရက် ဇွန်လ, ၂၀၂၁
စူပါဆန်းဒေးမှာလည်း ပွဲကြီးပွဲကောင်းတွေရှိနေပြီး နယ်သာလန် - ချက်၊ ဘယ်လ်ဂျီယံ-ပေါ်တူဂီပွဲတွေကျင်းပမှာဖြစ်ပါတယ်။ အထူးသဖြင့် နောက်ကျပွဲဖြစ်တဲ့ ဘယ်လ်ဂျီယံ-ပေါ်တူဂီပွဲက ပိုမိုစိတ်ဝင်စားစရာကောင်းနေပြီး ဥရောပဟဲဗီးဝိတ်အသင်းနှစ်သင်းရဲ့ ပါဝါလွန်ဆွဲပွဲက အိပ်ရေးပျက်ရကျိုး နပ်စေနိုင်ပါတယ်။ အထူးသဖြင့် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူနဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုတို့ရဲ့ ဂိုးသွင်းအားပြိုင်ပွဲကြောင့်လည်း ဒီပွဲက ပိုမိုရုပ်လုံးကြွနေပါတယ်။ ယူရို ၂၀၂၀ ၁၆သင်းအဆင့်ပွဲစဉ်များ ========================== နယ်သာလန် - ချက် (ည ၁၀း၃၀) ဘယ်လ်ဂျီယံ - ပေါ်တူဂီ (နံနက် ၁း၃၀)

အခြားဗီဒီယိုများ

အရှင်သုစိတ္တ မော်ကျွန်းဆရာတော်၏ အားမလျှော့သ၍ တရားတော်
တရားတော်များ
ကြည့်ရှုသူ ၄၅၃ ဦး ၁၄ရက် အောက်တိုဘာလ, ၂၀၂၀