You are currently offline. Check your connection.
ကာတာကမ္ဘာ့ဖလားမှာ ဖျော်ဖြေခွင့်ရခဲ့တဲ့ BTS အဖွဲ့ရဲ့အငယ်ဆုံးလေး Jung Kook
303 Views
29th Mar, 2023
ဒီနေ့ဆယ်လီဝေါအစီအစဉ်ကနေ ပြောပြသွားမယ့် နာမည်ကျော်ဆယ်လီကတော့ လက်ရှိမှာ တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံး kpop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ရဲ့ အငယ်ဆုံးအဖွဲ့ဝင် ဂျောင်ဂုရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ နာမည်အရင်းကတော့ Jeon Jung Kook ဖြစ်ပြီး ၁၉၉၇ စက်တင်ဘာ ၁ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ အကိုတစ်ယောက်လည်းရှိပြီး ဘူဆန်မှာရှိတဲ့ ဘဲ့ယန်မူလတန်းနဲ့အလယ်တန်းကျောင်းတွေမှာ တက်ခဲ့ပါတယ်။