You are currently offline. Check your connection.
အလည်တစ်ခေါက်ရောက်လာတဲ့ မက်ဒရစ်သားတွေကို ပဲရစ်သားတွေ ဘယ်လိုဧည့်ခံမလဲ
524 Views
14th Feb, 2022
ချန်ပီယံလိဂ်ပွဲတွေက ပြန်လည်စတင်တာနဲ့ ပရိသတ်တွေကို အကောင်းဆုံးဆွဲဆောင်ထားပြီး ဒီညမှာ စပို့တင်း-မန်စီးတီး၊ ပီအက်စ်ဂျီ-ရီးရဲလ်ပွဲတွေနဲ့အတူ ရင်ခုန်စွာဖြတ်သန်းရတော့မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်တောက ပိုနက်လာလေ ပိုကြမ်းတမ်းလေဖြစ်ပြီး အထူးသဖြင့် ပီအက်စ်ဂျီနဲ့ ရီးရဲလ်တို့ရဲ့အားပြိုင်မှုက အတော်လေးစိတ်ဝင်စားစရာကောင်းနေပါတယ်။ မစိမ်းတဲ့ပြိုင်ဘက်တွေ ပြန်လည်ရင်ဆိုင်ရတာဖြစ်ပြီး မက်ဆီနဲ့ နေမာတို့က ခါးသီးပြိုင်ဘက် ဘာစီလိုနာမှာကစားခဲ့စဉ်ကတည်းက ရီးရဲလ်နဲ့ ပြိုင်ဘက်ကောင်းတွေဖြစ်ခဲ့သလို အသင်းဟောင်းရီးရဲလ်နဲ့ ပြန်ရင်ဆိုင်ရမယ့် ပီအက်စ်ဂျီအသင်းသားတွေလည်း ရှိနေပါတယ်။ ဒီတော့ ပြင်သစ်မြေပေါ် အလည်တစ်ခေါက်ရောက်လာတဲ့ မက်ဒရစ်သားတွေကို ပဲရစ်သားတွေ ဘယ်လိုဧည့်ခံမလဲဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။
ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပွဲစဉ်များ (ပ-အကျော့)
==========================
စပို့တင်းလစ္စဘွန်း - မန်စီးတီး (နံနက် ၂း၃၀)
ပီအက်စ်ဂျီ - ရီးရဲလ် (နံနက် ၂း၃၀)