You are currently offline. Check your connection.

၉ လပိုင်း ကတည်းက အရှုံးဆိုတာ မသိတော့တဲ့ တော်ဝင်ဂန်းနားတွေကို ကြိုးကြာနီတွေ ဘယ်လိုဧည့်ခံမလဲ
ကြည့်ရှုသူ ၆၇၄ ဦး
၁၉ရက် နိုဝင်ဘာလ, ၂၀၂၁
ဒုတိယပိုင်းမှာတော့ ပွဲကြီးပွဲကောင်းအဖြစ် အန်ဖီးလ်မှာ လီဗာပူးနဲ့ အာဆင်နယ်တို့ ရင်ဆိုင်အားစမ်းတော့မှာဖြစ်ပါတယ်။ လီဗာပူးက ယခုရာသီ ပြိုင်ပွဲစုံပထမဆုံးရှုံးပွဲအဖြစ် ဝက်စ်ဟမ်းကို ၃-၂ ဂိုးနဲ့ အရေးနိမ့်နေချိန်မှာ အာဆင်နယ်ကတော့ ၉လပိုင်းကတည်းက အရှုံးဆိုတာ ဘာလဲလို့ လိုက်မေးနေရပြီဖြစ်ပါတယ်။ အမြင့်ပျံကြိုးကြာနီတွေက ပန်းတိုင်က ဘယ်လောက်ဝေးဝေး အေးဆေးပျံသန်းနိုင်တယ်ဆိုတာ သက်သေပြဖို့ အသင့်ရှိနေသလို တော်ဝင်ဂန်းနားတွေကလည်း သကြံန်အမြောက်မဟုတ်ဘဲ ကျည်တကယ်ထွက်တဲ့ အမြောက်စစ်စစ်ဖြစ်ကြောင်း အန်ဖီးလ်မှာ လာပြီးသက်သေပြချင်နေပါတယ်။ ဒီလိုပွဲကြီးပွဲကောင်းအပါအဝင် စနေညပရီးမီးယားလိဂ်လက်ကျန် ၄ပွဲကို ဆက်လက်သုံးသပ်ဆွေးနွေးထားပါတယ်။ နယူးကာဆယ် - ဘရန့်ဖို့ဒ် (ည ၉း၃၀) နောဝစ်ချ် - ဆောက်သမ်တန် (ည ၉း၃၀) ဝုဗ် - ဝက်စ်ဟမ်း (ည ၉း၃၀) လီဗာပူး - အာဆင်နယ် (ည ၁၂း၀၀)

အခြားဗီဒီယိုများ

ယနေ့အတွက် နိုင်ငံတကာသတင်းများ စုစည်းတင်ဆက်မှု
သတင်းများ
ကြည့်ရှုသူ ၁၃၂ ဦး ၂၁ရက် သြဂုတ်လ, ၂၀၂၃
Star တို့၏ ထွေရာလေးပါးသတင်းစများ
ဘဝနေထိုင်မှု
ကြည့်ရှုသူ ၄၆၈ ဦး ၄ရက် မေလ, ၂၀၂၀