You are currently offline. Check your connection.

ဆိုးလ်ရှားရဲ့ကံကြမ္မာနဲ့ လောင်းကြေးထပ်ထားတဲ့ ဂွတ်ဒီဆင်ပါ့ခ်တိုက်ပွဲ.. .ပွဲကြိုခန့်မှန်းချက်
ကြည့်ရှုသူ ၄၄၁ ဦး
၆ရက် နိုဝင်ဘာလ, ၂၀၂၀
ဒီည ပရီးမီးယားလိဂ်မှာ ၄ပွဲရှိပြီး ပရိသတ်တွေ စိတ်အဝင်စားဆုံးပွဲကတော့ အစောဆုံးပွဲဖြစ်တဲ့ အဲဗာတန် - ယူနိုက်တက်ပွဲပါ။ ဒီပွဲကို စိတ်ဝင်စားရတာလည်း ယူနိုက်တက်ရဲ့လက်ရှိအခြေအနေကြောင့်ပါ။ ဒီရက်သတ္တပတ်အကုန်ပွဲတွေပြီးရင် နိုင်ငံတကာရက်သတ္တပတ်လာတော့မှာဖြစ်ပြီး ဒီလိုအချိန်မျိုးမှာ ကလပ်အသင်းတွေက နည်းပြအပြောင်းအလဲပြုလုပ်တတ်ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားလည်း ဖိအားတွေနဲ့ရင်ဆိုင်နေရပြီး နည်းပြဟောင်း မိုယက်စ်တုန်းကလည်း အဲဗာတန်ကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ ဆိုးလ်ရှားရဲ့နည်းပြရာထူးနဲ့ လောင်းကြေးထပ်ထားတဲ့ ဂွတ်ဒီဆင်ပါ့ခ်တိုက်ပွဲက ဘယ်လိုပြီးသွားမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ============ အဲဗာတန် - ယူနိုက်တက် (ည ၇:၀၀) ပဲလေ့စ် - လိဒ်ယူနိုက်တက် (ည ၉:၃၀) ချဲလ်ဆီး - ရှက်ဖီးလ်ယူနိုက်တက် (ည ၁၂:၀၀) ဝက်စ်ဟမ်း - ဖူလ်ဟမ် (နံနက် ၂:၃၀)

အခြားဗီဒီယိုများ

Taylor Swiftရဲ့ များပြားလှတဲ့ Sneaker Collection
ဘဝနေထိုင်မှု
ကြည့်ရှုသူ ၅၀ ဦး ၂၀ရက် ဒီဇင်ဘာလ, ၂၀၂၃
တက္ကသိုလ်မင်းသူ ရေးသားသော ထာဝရပျော်ရွှင်ချမ်းမြေ့သော ဘဝ
ဗဟုသုတ
ကြည့်ရှုသူ ၄၇၂ ဦး ၂၀ရက် ဇွန်လ, ၂၀၂၀