You are currently offline. Check your connection.
ဘောက်ဆင်ဒေးကလို စုံအပေါ်ပဲ ဆက်ဝင်ဦးမှာလား
541 Views
26th Dec, 2021
ဒီညမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၉)ရဲ့ နောက်ကျပွဲအဖြစ် နယူးကာဆယ်နဲ့ ယူနိုက်တက်တို့ အားပြိုင်ရမှာဖြစ်ပြီး နှစ်သင်းစလုံးအတွက် အမှတ်လိုအပ်ချက်က အတော်လေးပြင်းထန်နေပါတယ်။ ဘောက်ဆင်ဒေးပွဲတွေမှာ ပွဲအများစု စုံအပေါ်ဝင်ခဲ့ပြီး အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ ဂိုးပြတ်အနိုင်ရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်နေတဲ့ ယူနိုက်တက်လည်း မဖြစ်မနေနိုင်ပွဲရယူဖို့လိုအပ်နေပါတယ်။ နယူးကာဆယ်ကလည်း တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်ဖို့ အမှတ်တွေ လိုနေတာကြောင့် ဒီည စိန့်ဂျိမ်းပါ့ခ်မှာ ငှက်ကျားတွေနဲ့ သရဲနီတို့ရဲ့အားပြိုင်ပွဲက အကြိတ်အနယ်ရှိလာမှာ သေချာပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် (၁၉)
==============
နယူးကာဆယ် - ယူနိုက်တက် (နံနက် ၂း၃၀)