You are currently offline. Check your connection.

ခြေစွမ်းထက်နေတဲ့ အာဆင်နယ်ကို သရေအရှုံးနီးပါးအထိ အကျောပေးထားတဲ့ ယူနိုက်တက်
ကြည့်ရှုသူ ၇၉၅ ဦး
၁ရက် ဒီဇင်ဘာလ, ၂၀၂၁
ဒီညမှာ ပရီးမီးယားလိဂ်က ၂ပွဲတည်းရှိပေမယ့် ၂ပွဲစလုံး စိတ်ဝင်စားစရာကောင်းနေပြီး အထူးသဖြင့် ယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ အိုးထရက်ဖို့ဒ်တိုက်ပွဲက စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ ယူနိုက်တက်က ယာယီနည်းပြ ကာရစ်လက်ထက်မှာ ၂ပွဲဆက်ရှုံးပွဲမရှိကစားထားပေမယ့် ပရီးမီးယားလိဂ်မှာ ရလဒ်တွေပြန်ကောင်းဖို့ အရေးတကြီးလိုအပ်နေပါတယ်။ အာဆင်နယ်က လီဗာပူးကို ၄-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ခြေစွမ်းပိုင်းအရ ပုံစံကောင်းမှာရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်လည်း ရှင်သန်နေပါတယ်။ ဒီလိုအနေအထားမှာ ပြိုင်ပွဲစုံနောက်ဆုံး ၁၂ပွဲမှာ ၁ပွဲပဲ အရေးနိမ့်ထားတဲ့ အာဆင်နယ်ကို သရေအရှုံးနီးပါးအထိ အကျောပေးထားပါတယ်။ ဒီလိုစိတ်ဝင်စားစရာပွဲကောင်းတွေကို ဘောလုံးစတားရဲ့ အယ်ဒီတာတွေက ရှုထောင့်ပေါင်းစုံကနေ ဆွေးနွေးသုံးသပ်ထားပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၁၄) ============= တော့တင်ဟမ် - ဘရန့်ဖို့ဒ် (နံနက် ၂း၀၀) ယူနိုက်တက် - အာဆင်နယ် (နံနက် ၂း၄၅)

အခြားဗီဒီယိုများ

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ဆွန်ရေ.
ဖျော်ဖြေရေး
ကြည့်ရှုသူ ၄၃၃ ဦး ၇ရက် ဇူလိုင်လ, ၂၀၂၁