You are currently offline. Check your connection.

ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်ယူမှရမယ့် ချဲလ်ဆီးနဲ့ အမှတ်လိုနေတဲ့ ယူနိုက်တက်တို့ရဲ့ည
ကြည့်ရှုသူ ၂၂၃ ဦး
၂၆ရက် ဒီဇင်ဘာလ, ၂၀၂၂
ချဲလ်ဆီး Vs ဘုန်းမောက် ( ည ၁၂ နာရီ ) မန်ချက်စတာယူနိုက်တက် Vs နော်တင်ဟမ်ဖောရက်စ် ( ည ၂ နာရီခွဲ ) ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲဆက်ရှုံးပြီး ရလဒ်တွေဆိုးရွားနေတဲ့ ချဲလ်ဆီးအသင်းနဲ့ နောက်ပိုင်းပွဲတွေမှာ တိုက်စစ်စွမ်းဆောင်ရည် ကောင်းလာတဲ့ ဘုန်းမောက်တို့ရဲ့ပွဲစဉ်ကတော့ ည ၁၂ နာရီမှာ ကစားသွားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက နောက်ဆုံး ၃ ပွဲကို ဂိုးမသွင်းနိုင်ပဲ တိုက်စစ်ပိုင်းက စွမ်းဆောင်ရည် ကျဆင်းနေမှုကို ဒီပွဲမှာ ချိုးဖျက်နိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ည ၂ နာရီခွဲမှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်ကတော့ လက်ရှိတန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာပါ။ ယူနိုက်တက်ရဲ့ ရလဒ်တွေက ရာသီအစပိုင်းမှာ ဆိုးခဲ့ပေမယ့် တဖြည်းဖြည်း တည်ငြိမ်လာပြီး လက်ရှိအဆင့် ၅ နေရာထိ ရောက်ရှိလာပါတယ်။ ဒါပေမယ့် တိုက်စစ်က ရော်နယ်ဒိုရဲ့ ထွက်ခွာရမှုနဲ့အတူ နဂိုကတည်းက ဂိုးရဖို့ရုန်းကန်နေရတာကြောင့် ဒီပွဲလို နိုင်သင့်နိုင်ထိုက်တဲ့ ပွဲမျိုးကို ယူနိုက်တက်တို့ အနိုင်ကန်နိုင်ပါ့မလားဆိုတာကို ဘောလုံးစတားရဲ့ ပွဲကြိုသုံးသပ်ချက် အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

အခြားဗီဒီယိုများ

2NE1 အဖွဲ့ဝင်ဟောင်း Sandara Park ရဲ့ ၃၉ နှစ်ပြည့်မွေးနေ့
ဖျော်ဖြေရေး
ကြည့်ရှုသူ ၇၇ ဦး ၁၁ရက် နိုဝင်ဘာလ, ၂၀၂၃