You are currently offline. Check your connection.

ချန်ပီယံပြေးလမ်းမှာ မန်စီးတီးနဲ့အပြိုင်ပြေးနိုင်ဖို့ တော့တင်ဟမ်ကို လီဗာပူး ကျော်ဖြတ်နိုင်မလား
ကြည့်ရှုသူ ၄၁၅ ဦး
၁၈ရက် ဒီဇင်ဘာလ, ၂၀၂၁
ဒီညမှာတော့ အသင်းကြီး ၃ သင်းရဲ့ ပွဲတွေ ကျင်းပမှာဖြစ်ပြီး ကြားရက်မှာ အသင်းကြီး ၃သင်းစလုံး အိမ်ကွင်းမှာကစားခဲ့ရပြီးနောက် ဒီညမှာတော့ အဝေးကွင်းပွဲတွေ ကစားရမှာဖြစ်ပါတယ်။ ဒီထဲမှာမှ တော့တင်ဟမ်နဲ့ ရင်ဆိုင်ရမယ့် လီဗာပူးက ပွဲအကျပ်ဆုံးဖြစ်ပြီး နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် မန်စီးတီးကတော့ ပွဲအချောင်ဆုံးဖြစ်ပါတယ်။ တော့တင်ဟမ်က လက်ရှိနည်းပြ ကွန်တီလက်ထက် ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးဘူးဆိုပေမယ့် ပွဲမကစားရတာ ကြာပြီမို့လို့ ပွဲကြံ့ခိုင်မှုနည်းပါးနေနိုင်ပါတယ်။ လီဗာပူးအနေနဲ့ နောက်ဆုံးမှ ကစားရမှာမို့လို့ ရှေ့ပွဲတွေရဲ့အခြေအနေကို သိထားပြီးဖြစ်မှာပါ။ စိတ်ဝင်စားစရာကောင်းနေတဲ့ ပရီးမီးယားလိဂ်စူပါဆန်းဒေးပွဲတွေအကြောင်းကို ကျွန်တော်တို့ ဘောလုံးစတားရဲ့ အယ်ဒီတာတွေက ရှုထောင့်ပေါင်းစုံကနေ ဆွေးနွေးသုံးသပ်ထားပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) ============= နယူးကာဆယ် - မန်စီးတီး (ည ၈း၃၀) ဝုဗ် - ချဲလ်ဆီး (ည ၈း၃၀) တော့တင်ဟမ် - လီဗာပူး (ည ၁၁း၀၀)

အခြားဗီဒီယိုများ

အရှင်သုစိတ္တ မော်ကျွန်းဆရာတော်၏ အဆိုးကြုံတတ်သော်လည်း တရားတော်
တရားတော်များ
ကြည့်ရှုသူ ၄၄၆ ဦး ၇ရက် ဇန်နဝါရီလ, ၂၀၂၁
မိန်းကလေးတိုင်းကြွေရတဲ့ မင်းသားချော Lee Dong Wook ရဲ့ ၄၁ နှစ်ပြည့် မွေးနေ့
ဖျော်ဖြေရေး
ကြည့်ရှုသူ ၂၃၂ ဦး ၅ရက် နိုဝင်ဘာလ, ၂၀၂၂