You are currently offline. Check your connection.

ကာရာဘောင်အိမ်ကွင်းရှုံးကြွေးကို ယူနိုက်တက် ပြန်ဆပ်နိုင်မလား
618 Views
21st Jan, 2022
ဒီညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၃)အဖြစ် စုစုပေါင်း ၅ပွဲကျင်းပမှာဖြစ်ပြီး စိတ်ဝင်စားစရာပွဲကောင်းအဖြစ် ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်တော့မှာဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ယခုရာာသီမှာ ကာရာဘောင်ဖလားပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်မှာပဲ တွေ့ဆုံခဲ့ဖူးပြီး ဝက်စ်ဟမ်းက အဝေးကွင်းမှာ ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက် ရှုံးကြွေးပြန်ဆပ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေသလို နှစ်သင်းစလုံး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အားကုန်ရုန်းလာနိုင်လို့ လက်မလွှတ်စတမ်း စောင့်ကြည့်ရမယ့်ပွဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) ============ အဲဗာတန် - အက်စတွန်ဗီလာ (ည ရး၀၀) ဘရန့်ဖို့ဒ် - ဝုဗ် (ည ၉း၃၀) လိဒ်စ်ယူနိုက်တက် - နယူးကာဆယ် (ည ၉း၃၀) ယူနိုက်တက် - ဝက်စ်ဟမ်း (ည ၉း၃၀) ဆောက်သမ်တန် - မန်စီးတီး (ည ၁၂း၀၀)