You are currently offline. Check your connection.

ပဲလေ့စ်ကွင်းမှာ ကြေးပြင်းလာတဲ့ တော့တင်ဟမ် ဂိုးပြတ်အနိုင်ရယူနိုင်မလား. ပွဲကြိုခန့်မှန်းချက်
678 Views
25th Jul, 2020
ဒီည ပရီးမီးယားလိဂ်ရာသီသိမ်းတိုက်ပွဲတွေအကြောင်း ဆွေးနွေးရာမှာ ၁၀ပွဲတောင် ရှိတဲ့အတွက် ၂ပိုင်းခွဲပြီး ဆွေးနွေးထားပါတယ်။ ပထမပိုင်းမှာတော့ အဓိကအားဖြင့် တော့တင်ဟမ်က ပဲလေ့စ်ကွင်းမှာ အနိုင်ရဖို့ လိုအပ်နေသလို ဝက်ဖို့ဒ်ကလည်း အာဆင်နယ်ကွင်းမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။ တော့တင်ဟမ်က ဒီပွဲအနိုင်ရရင် ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ အခြေအနေပိုကောင်းသွားမှာဖြစ်ပြီး တစ်ဘက်ပွဲမှာ ချဲလ်ဆီးကို ဝုဗ်အသင်းအရေးနိမ့်ခဲ့ရင် တော့တင်ဟမ်က သရေကစားနိုင်တာနဲ့ ယူရိုပါလိဂ်ဝင်ခွင့်ရမှာပါ။ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ============== အာဆင်နယ် - ဝက်ဖို့ဒ် (ည ၉:၃၀) ဘန်လေ - ဘရိုက်တန် (ည ၉:၃၀) ပဲလေ့စ် - တော့တင်ဟမ် (ည ၉:၃၀) မန်စီးတီး - နောဝစ်ချ် (ည ၉:၃၀) အဲဗာတန် - ဘုန်းမောက် (ည ၉:၃၀)