You are currently offline. Check your connection.

ယူရိုပါလိဂ်ဘုရင်နဲ့ ဥရောပသခင်တို့ ယှဉ်ပြိုင်ကြမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲ
300 Views
30th May, 2023
ယနေ့ည ယူရိုပါလိဂ်ဗိုလ်လုပွဲရှိနေပြီး ဆီဗီလာနဲ့ ရိုးမားတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဆီဗီလာဆိုတာ အားလုံးသိကြတဲ့အတိုင်း ဆီဗီလာလိဂ်လို့ ပြောရလောက်အောင် ယူရိုပါလိဂ်ဖလားနဲ့ အစေးကပ်လွန်းတဲ့အသင်းဖြစ်သလို ပြိုင်ဘက် ရိုးမားနည်းပြ မော်ရင်ဟိုကလည်း ဥရောပဗိုလ်လုပွဲတွေမှာ ပွဲတိုင်းနိုင်ထားသူဖြစ်လို့ ဒီပွဲက ကျိန်းသေပေါက် ကြည့်ကောင်းမှာ သေချာပါတယ်။ ပြီးခဲ့တဲ့ နှစ်ရာသီဆက် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ ဒီနှစ်မှာတော့ မိနစ်၉၀အတွင်း အဖြေပါ်မလားဆိုတာ စောင့်ကြည့်ချင်စရာပါ။ ဒီပွဲစဉ်အကြောင်း ဘောလုံးစတားအယ်ဒီတာတွေက တင်ဆက်ထားပါတယ်။