You are currently offline. Check your connection.

ယူရိုပါလိဂ်ရှုံးကြွေးဆပ်ရမယ့်ယူနိုက်တက်နဲ့ တူရင်မှာ အစမ်းသပ်ခံမယ့် ချဲလ်ဆီး
ကြည့်ရှုသူ ၅၉၈ ဦး
၂၈ရက် စက်တင်ဘာလ, ၂၀၂၁
ဒီညမှာလည်း ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းတွေက အသင့်စောင့်ကြိုနေပြီး ယူနိုက်တက်နဲ့ ဗီလာရီးရဲလ်တို့ရဲ့တစ်ကျော့ပြန် ယူရိုပါလိဂ်ဗိုလ်လုပွဲ အားပြိုင်မှုက စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ မနေ့က ပရီးမီးယားလိဂ်ကိုယ်စားပြု ၂သင်းအနက် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးခဲ့ပြီး ဒီညမှာရော ပွဲကျပ်တွေကို ပရီးမီးယားလိဂ်အသင်းတွေ ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ လက်ရှိချန်ပီယံ ချဲလ်ဆီးက တူရင်မြေမှာ အုပ်စုဗိုလ်ပြိုင်ဘက် ဂျူဗင်တပ်စ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အိမ်ရှင်အသင်းမှာ အဓိကတိုက်စစ်မှူးတွေမပါဝင်နိုင်တာက ချဲလ်ဆီးအတွက် သတင်းကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုစိတ်ဝင်စားစရာပွဲကောင်းတွေကို ကျွန်တော်တို့ဘောလုံးစတားရဲ့ အယ်ဒီတာတွေက ရှုထောင့်ပေါင်းစုံ၊ အမြင်ပေါင်းစုံကနေ သုံးသပ်ထားပါတယ်။ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) ============== အတ္တလန္တာ - ယန်းဘွိုင်းစ် (ည ၁၁း၁၅) ဇင်းနစ် - မယ်လ်မို (ည ၁၁း၁၅) ဘိုင်ယန်မြူးနစ် - ဒိုင်နမိုကိဗ် (နံနက် ၁း၁၅) ဘင်ဖီကာ - ဘာစီလိုနာ (နံနက် ၁း၁၅) ယူနိုက်တက် - ဗီလာရီးရဲလ် (နံနက် ၁း၁၅) ဆဲလ်ဘတ် - လိုင်လီ (နံနက် ၁း၁၅) ဝုဖ်ဘတ် - ဆီဗီလာ (နံနက် ၁း၁၅) ဂျူဗင်တပ်စ် - ချဲလ်ဆီး (နံနက် ၁း၁၅)

အခြားဗီဒီယိုများ

အရှင်သုစိတ္တ မော်ကျွန်းဆရာတော်၏ စိတ်ဓာတ်မြင့်တင်ပေးပါ တရားတော်
တရားတော်များ
ကြည့်ရှုသူ ၂၆၈ ဦး ၁၅ရက် စက်တင်ဘာလ, ၂၀၂၂