You are currently offline. Check your connection.

ကမ္ဘာကျော်ကုမ္ပဏီကြီးတွေရဲ့ပထမဆုံးထုတ်ကုန်များ အပိုင်း (၁) - Knowledge
608 Views
19th Dec, 2021
ဒီနေ့ ကမ္ဘာကျော်နေတဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ပထမဆုံးနေ့ရက်တွေမှာ အဆင်ပြေချောမွေ့ခဲ့ကြတာချည်းမဟုတ်ပါဘူး။ တချို့ကုမ္ပဏီတွေက လက်ရှိအမည်ရနေတဲ့ ထုတ်ကုန်တွေနဲ့ စတင်ခဲ့ကြတာမဟုတ်ဘဲ ဘယ်သူမှထင်မှတ်မထားတဲ့ ထုတ်ကုန်တွေနဲ့ ကုမ္ပဏီကို စတင်ခဲ့ကြတာဖြစ်ပါတယ်။ နာမည်ကျော် အမေဇုန်ကုမ္ပဏီကြီးဆိုရင် စာအုပ်ဆိုင်လေးတစ်ဆိုင်နဲ့ စတင်အခြေပြုခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးသိတဲ့ ဆမ်ဆောင်းကုမ္ပဏီကလည်း ဖုန်းတစ်လုံး၊ လူတစ်ယောက်နဲ့ စတင်ပေါက်ဖွားလာတာဖြစ်ပါတယ်။ အဲဒီမှာ ကမ္ဘာကျော်ကုမ္ပဏီကြီးတွေရဲ့ ပထမဆုံးထုတ်ကုန်တွေက စိတ်ဝင်စားစရာကောင်းလာပြီး ပရိသတ်ကြီး ဗဟုသုတရအောင် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။