You are currently offline. Check your connection.
သူတို့ဘဝက တခြားမိသားစုတွေလိုပါပဲလို့ ပြောလာတဲ့ ဂျော်ဂျီနာ
499 Views
12th Mar, 2022
သူဟာ တစ်ခါတုန်းကတော့ အလုပ်သွားဖို့အတွက် ဘက်စ်ကားတိုးစီးခဲ့ရသူပါ။ ဒါပေမဲ့ အခုတော့ ပေါင် ၁.၅သန်းတန် ဘူဂတ်တီကားလေးစီးနေပါပြီ။ ဘောလုံးအကျော်အမော် ရော်နယ်ဒိုရဲ့အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာ လူမှုမီဒီယာမှာ Followers အများဆုံး အမျိုးသမီးတစ်ဦးအဖြစ်လည်း ရပ်တည်နေပါတယ်။ သူ့ရဲ့အသက် ၂၈ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ Netflix ကနေ ဖြန့်ချိခဲ့တဲ့ I Am Georgina documentary မှာ သူ့ရဲ့ဘဝအကြောင်း ခရေစေ့တွင်းကျမကျန် ပြောပြလာပါတယ်။