You are currently offline. Check your connection.
အသက် ၄၀ ပြည့်သွားပြီဖြစ်တဲ့ ဂျူမုံမင်းကြီးရဲ့ဒုတိယဇနီး ဆိုဆောနို (သို့မဟုတ်) မင်းသမီးဟန်ဟေးဂျင်
539 Views
26th Oct, 2021
ဒီနေ့မွေးဖွားခဲ့တဲ့ မွေးနေ့ရှင်ကတော့ ဂျူမုံမင်းကြီးရဲ့ ဒုတိယဇနီး ဆိုဆောနိုအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဟန်ဟေးဂျင်ရဲ့ အသက် ၄၀ ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ ဟေးဂျင်ကို ၁၉၈၁ အောက်တိုဘာ ၂၇ တောင်ကိုရီးယားနိုင်ငံ ဂျိုလာတောင်ပိုင်း၊ ဒမ်ရမ်းဒေသမှာ မွေးဖွားခဲ့ပါတယ်။ အွန်ဂွမ်အမျိုးသမီးအထက်တန်းကျောင်းကနေ အထက်တန်းအောင်ပြီး ဆိုးလ်အနုပညာကောလိပ်မှာ ရုပ်ရှင်မေဂျာနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။