You are currently offline. Check your connection.

ဆီးချိုသွေးချိုရှိသူအတွက် ဆောင်ရန် ရှောင်ရန်များ
588 Views
16th Feb, 2021
ဆီးချိုရောဂါရှိသူတွေဟာ တခြားသူတွေထက် နှလုံးရောဖြစ်နိုင်တဲ့ အန္တရာယ်နှစ်ဆ နီးပါးပိုများပြီး စိတ်ကျရောဂါလိုမျိုး စိတ်ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါရှိပြီဆိုတာနဲ့ စိတ်ဓါတ်ကျဖို့မလိုပါဘူး။ အရသာရှိအောင်လည်းစားလို့ရသေးတယ်၊ အားလည်းပြည့်မယ်၊ စိတ်ကျန်းမာရေးပါ တိုးတက်ကောင်းမွန်လာနိုင်သေးတယ်(ဥပမာ တရားထိုင်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ကြောင့်)။ အချိုကို တစ်သက်လုံး လုံးဝရှောင်ရမယ်လို့လည်း မရှိပါဘူး။ ချင့်ချိန် ဆင်ခြင်ဖို့ပဲလိုတာပါ။ ကိုယ့်မှာဆီးချိုသွေးချိုရှိနေပြီဆိုရင်တောင်မှ အရာရာနောက်မကျသေးပါဘူး။ အရင်ကမလုပ်ခဲ့တဲ့ ကျန်းမာရေး လိုက်စားတဲ့ အမူအကျင့်တွေကို မွေးမြူသင့်တဲ့အချိန်ရောက်ပြီလို့ မှတ်ယူလိုက်ပါ။