You are currently offline. Check your connection.
အသက် ၃၀ ပြည့်သွားပြီဖြစ်တဲ့ True Beauty ထဲက ဟန်ဆောဂျွန်း သို့မဟုတ် မင်းသားဟွမ်အင်ယော့
631 Views
18th Jan, 2021
ဒီနေ့ကတော့ True Beauty ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်သွားတဲ့ မင်းသားချော ဟွမ်အင်ယော့ရဲ့ အသက် ၃၀ နှစ်ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။
Bad Boy လေး ဟန်ဆောဂျွန်းတစ်ဖြစ်လည်း မင်းသားဟွမ်အင်ယော့ရဲ့ မွေးနေ့ကစလို့ ဒီထက်မကကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို ဆက်တိုက်ဆွတ်ခူးနိုင်ပါစေလို့ စတားချန်နယ်မိသားစုကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဟွမ်အင်ယော့အပြင် ဒီနေ့မှာ မွေးဖွားခဲ့တဲ့ နောက်ထပ်နာမည်ကြီး တစ်ဦးလည်း ရှိပါသေးတယ်။
သူကတော့ Percy Jackson ဇာတ်ကားနဲ့အတူ နာမည်ကျော်လာတဲ့ အမေရိကန်မင်းသား လိုဂန်လာမန်းဖြစ်ပြီး ဒီနေ့ကသူ့ရဲ့ အသက် ၂၉ နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ ဟွမ်အင်ယော့နဲ့ လိုဂန်လာမန်းတို့အပြင် ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ရှင်များအားလုံး ဆန္ဒနဲ့ဘ၀ ထပ်တူကျနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်။