You are currently offline. Check your connection.

တစ်ချိန်က ပရီးမီးယားလိဂ်မှာ ဆရာကျတဲ့ လိဒ်စ်ယူနိုက်တက်အသင်း သမိုင်းကြောင်း
819 Views
15th Jul, 2021
လိဒ်စ်ယူနိုက်တက်အသင်းဟာ ကမ္ဘာမှာ အမြင်အမျိုးမျိုး အကွဲဆုံးအသင်း၁သင်း ဖြစ်ပါတယ်။ လိဒ်စ်အသင်းဟာ အင်္ဂလန်မှာ ပရိသတ်လာရောက်ကြည့်မှုနှုန်း အများဆုံး အသင်း၁သင်း ဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ ဘယ်ရောက်ရောက် လိုက်လံအားပေးကြတယ်ဆိုတာ သက်သေပြနေပါတယ်။ အခြားတစ်ဘက်မှာလည်း ပြိုင်ဘက်ပရိသတ်တွေနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ အများအပြား ဖြစ်တာကြောင့် အင်္ဂလန်မှာ လူမုန်းခံရဆုံးအသင်းအဖြစ်စေခဲ့ပါတယ်။