You are currently offline. Check your connection.
တစ်ချိန်က ပြင်သစ်မှာ ရွှေရောင်နေ့ရက်တွေ ပိုင်ဆိုင်ခဲ့တဲ့ လိုင်ယွန်အသင်းရဲ့ သမိုင်းကြောင်း
597 Views
17th Jan, 2022
လိုင်ယွန်အသင်းကို ၁၉၅၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပေမဲ့ အလှည့်အပြောင်း တစ်ဝက်နဲ့ ဖြစ်ပြီး လိုင်ယွန် အိုလံပစ် ယူနီဗာစီတိုင်ရီ နာမည်နဲ့ ပြင်သစ် ဘောလုံးလိဂ်ကို စတင်ဝင် ရောက်ခဲ့ရပါတယ်။ ၁၉၅၀ကျော်မှာ လိုင်ယွန်တို့ ထိပ်တန်းလိဂ်ကို တန်းတက် ခွင့်ရခဲ့ပြီး ပုံမှန် ရပ်တည်နိုင်တဲ့ အသင်းအဖြစ် ရှိနိုင်ခဲ့ပါတယ်။ ၁၉၆၀ ဝန်းကျင်ကတော့ လိုင်ယွန်အသင်း အဆင့်အတန်း တိုးတက်လာတဲ့ နှစ်တွေဖြစ်ပြီး ပြင်သစ်လိဂ်ဖလားကို ၁၉၆၄ခုနှစ်မှာ ဘော်ဒိုးကို ဗိုလ်လုပွဲမှာ အနိုင်ယူကာ ဆွတ်ခူးခဲ့ပါတယ်။