You are currently offline. Check your connection.
မုဒုံမြို့ သို့မဟုတ် အစွန်းကျသောမြို့ကလေး
374 Views
12th Dec, 2022
မုဒုံမြို့ဟာ မြန်မာနိုင်ငံ အောက်ပိုင်း မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရဲ့ ရုံးစိုက်ရာ မြို့နယ်ဖြစ်ပါတယ်။ ရန်ကုန်၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ် ကားလမ်းပေါ်မှာ တည်ရှိနေတာပါ။ မော်လမြိုင်မြို့နဲ့ ၁၈ မိုင်အကွာမှာ တည်ရှိတာပါ။ မုဒုံမြို့ကတော့ ရှေ့အစဉ်အဆက်က ရိုးရာလုပ်ငန်းဖြစ်တဲ့ ယက်ကန်းလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းတွေကို ယနေ့တိုင် လုပ်ကိုင်လျက်ရှိပါတယ်။
မုဒုံဆိုတဲ့ နာမည်ဟာ မွန်ဘာသာကနေ ဆင်းသက်လာတယ် ဆိုပါတယ်။ အစွန်းမှာရှိတဲ့မြို့လို့ ပြန်ဆိုကြပါတယ်။ နာမည်ကျော်ဆရာတော်ကြီးတွေ သီတင်းသုံးခဲ့ရာအရပ်လည်း ဖြစ်လို့ အဲ့ကတည်းက စည်ကားလာခဲ့ပြီး ခုချိန်မှာလည်း ပြည်တွင်းခရီးသွားတွေ လည်ပတ်စရာနေရာ ဖြစ်နေပါပြီ။