You are currently offline. Check your connection.

ခမ်းနားထည်ဝါလှသည့် ဇာတ်ကြောင်းများ ရှိနေသည့် ဧရာ၀တီ၏ နောက်ဆုံးခံတပ်များ အပိုင်း (၁)
365 Views
16th Sep, 2023
အင်္ဂလိပ် မြန်မာ တတိယစစ်ပွဲမှာ အင်္ဂလိပ်တို့က မြန်မာတို့ကို အပြင်းထန်ဆုံး အခက်ခဲဆုံးနှင့် နောက်ဆုံးတိုက်ခိုက်ခဲ့ရတဲ့ဆိုတာကို မြန်မာကသိသလို ကမ္ဘာကလည်း သိကြပါတယ်။ အဲ့ဒီ့တိုက်ပွဲနှစ်ခုကိုပြောရမယ်ဆိုရင် မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းတို့တွင် ဓားလွယ်ခုတ် အနေအထားရှိနေသည့် ဂွေးချောင်းခံတပ်နှင့် မင်းလှခံတပ်တို့မှာ ဖြစ်ပွားသွားခဲ့တာပါ။