You are currently offline. Check your connection.

“အင်းလေးအစ ရွာလေးရွာက” လို့ဆိုတဲ့ အင်းလေးကန် သမိုင်းကြောင်း
442 Views
9th Jun, 2022
မြန်မာနိုင်ငံသည် သဘာဝတောတောင်၊ စမ်းချောင်းအင်းအိုင်၊ ရှေ့ဟောင်းအမွေ အနှစ်၊ တန်ခိုးကြီးဘုရားများနှင့် အရောင်အသွေးစုံလင်များစွာဖြင့် ပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပေသည်။ ထိုအလှထဲမှာ အင်းလေးသည် ရှမ်းပြည်နယ်အလှသာမက မြန်မာနိုင်ငံ၏ အလှကိုပါ ထင်ဟပ်စေနိုင်သည့် ဒေသတစ်ခုလည်းဖြစ်သည်။ အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကန်ကြီးဖြစ်၍ ရှားပါးမျိုးစိတ်များ ဖြစ်သည့် ခရုများနှင့် ငါးများနေထိုင်ရာနေရာဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် စိမ့်တောများ ထိန်းသိမ်း ရေးနှင့် ရမ်ဆာလူထုညီလာခံကြီး၏ ထိန်းသိမ်းကာကွယ်မှုအောက်တွင် အင်းလေးကန်သည် စာရင်း ပေးသွင်းခြင်းခံခဲ့ရပါသည်။