You are currently offline. Check your connection.
နာနီ ကိုယ်တိုင်ပြောတဲ့ သူ့ဘ၀ သူ့ပုံပြင် (အပိုင်း ၁)
577 Views
13th Apr, 2021
ဒီပုံပြင်တစ်ပုဒ်လုံးက ကျွန်တော်တို့မောင်နှမတွေ ဗိုက်အရမ်းဆာနေလု့ိ စတင်ဖြစ်ပေါ်လာတဲ့ဇာတ်လမ်းလေးပါ။ ကျွန်တော် ကလေးအရွယ်လောက်ပဲရှိသေးချိန်မှာ ဘုရားသခင်က ကျွန်တော့်ကို ဘောလုံးသမားလုပ်ဖို့ ရွေးချယ်လိုက်ပြီလို့ စတင်ယုံကြည်ခဲ့ပါတယ်။
ကျွန်တော်ဟာ အိပ်ခန်းတစ်ခန်းပဲပါတဲ့အိမ်မှာ ညီအစ်ကိုမောင်နှမ ၈ဦးရယ် အမေတို့နဲ့ အတူတူနေထိုင်ခဲ့ရပြီး ကြမ်းပြင်မှာဆို အပေါက်တွေအပြည့်နဲ့။ ပြီးတော့ ကြွက်တွေ၊ အိမ်မြောင်တွေကလည်း အများကြီးပဲရှိခဲ့ပါတယ်။