You are currently offline. Check your connection.

ယဉ်ကျေးမှုအထွန်းကားဆုံးပွန်ပေမြို့ တစ်မြို့လုံးပျောက်ကွယ်သွားခြင်းနောက်ကွယ်က အကြောင်းအရာများ
1097 Views
4th Oct, 2021
ပွန်ပေမြို့ဟာ ရှေးဟောင်းရောမမြို့တစ်မြို့ဖြစ်ပြီးတော့ အီတလီနိုင်ငံနေပယ်အနီးမှာတည်ရှိခဲ့ပါတယ်။ ပွန်ပေကိုဘီစီ ၇ရာစုခန့်မှာအော့စ်ကန် လူမျိုးတွေကတည်ဆောက်ခဲ့တာဖြစ်ပြီးတော့ ဘီစီ ၄ရာစု လောက်မှာ ရောမအင်ပါယာလက်အောက်ကိုကျရောက်ခဲ့ပါတယ်။ ပွန်ပေမြို့အနီ ၅မိုင်အကွာမှာ အလွန်လှပတဲ့ ဗီဆူဗီးယပ်စ် မီးတောင်ကြီးရှိပါတယ်။ ချမ်းသာကြွယ်ဝတဲ့ ပွန်ပေမြို့သားတွေဟာ အဆိုပါ မီးတောင်ကြီးနားမှာအပန်းလာဖြေလေ့ ရှိကြပါတယ်။