You are currently offline. Check your connection.
ပရီးမီးယားလိဂ်ရဲ့ မျက်နှာသစ် အလှပိုင်ရှင်လေးများ
533 Views
8th Sep, 2021
၂၀၂၁-၂၂ ပရီးမီးယားလိဂ်ရာသီစတင်မှုနဲ့အတူ ဘောလုံးပွဲတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပြန်ဖြစ်လာပြီး ပိုမိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဟာ ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း ၅၀၀ နီးပါးသုံးစွဲထားပါတယ်။ မန်စီးတီးအသင်းက ဗြိတိသျှစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ချ်ကို ခေါ်ယူထားသလို ချဲလ်ဆီးကလည်း စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ အင်တာမီလန်တိုက်စစ်မှူး လူကာကူကို ပြန်လည်ခေါ်ယူထားပါတယ်။ ကစားသမားသစ်တွေနဲ့အတူ ပရီးမီယားလိဂ်ရပ်ဝန်းမှာ ထင်ရှားလာနိုင်သူတွေက ကစားသမားတွေရဲ့ အသည်းနှလုံးမဟေသီလေးတွေဖြစ်ပါတယ်။ သူတို့နဲ့ပတ်သက်လို့ အင်္ဂလန်နဲ့ တော့တင်ဟမ်ဂိုးသမားဟောင်း အီယန်ဝေါ်လ်ကာရဲ့ ဇနီးဟောင်းဖြစ်တဲ့ ဆူဇီဝေါ်လ်ကာက ဟော့ဖြစ်လာနိုင်သူတွေကို သုံးသပ်ခဲ့ပါတယ်။