You are currently offline. Check your connection.

ဖိအားတွေအောက်ကနေ ဆိုးလ်ရှား ရုန်းထွက်နိုင်ဦးမလား...မှတ်တမ်းဆိုးကို ဂွါဒီယိုလာ အဆုံးသတ်နိုင်မလား
ကြည့်ရှုသူ ၄၃၉ ဦး
၁၁ရက် ဒီဇင်ဘာလ, ၂၀၂၀
ဒီညမှာ တစ်မြို့တည်းအခြေစိုက်အသင်းတွေ အချင်းချင်းအားပြိုင်မှု ၂ပွဲတောင်ရှိပါတယ်။ စပိန်မြို့တော် မက်ဒရစ်မှာ ရီးရဲလ်နဲ့ အက်သလက်တီကိုတို့ရဲ့မက်ဒရစ်ဒါဘီနဲ့ အင်္ဂလန်ရဲ့စက်မှုမြို့တော် မန်ချက်စတာမှာ ယူနိုက်တက်နဲ့ စီးတီးတို့ရဲ့မန်ချက်စတာဒါဘီတု့ိဖြစ်ပါတယ်။ နှစ်ပွဲစလုံးက စိတ်ဝင်စားစရာကောင်းနေပြီး အထူးသဖြင့် မန်ချက်စတာဒါဘီပွဲက ပိုမိုဆွဲဆောင်နေပါတယ်။ ဆိုးလ်ရှားက ဖိအားတွေကြုံလာတိုင်း ဒီလိုအရေးကြီးပွဲမျိုးတွေမှာ ရုန်းထွက်နိုင်ခဲ့တဲ့အစဉ်အလာရှိပြီး ပူပူနွေးနွေးအဖြစ် ဒီရာသီမှာ အာဆင်နယ်နဲ့ ဘက်စ်ကီးရှီးယားတို့ကို ဆက်တိုက်အရေးနိမ့်ခဲ့ပြီးနောက် ဖိအားတွေကြုံလာရတဲ့ ဆိုးလ်ရှားဟာ အဲဗာတန်နဲ့ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ စီးတီးကလည်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ရသလို ယမန်နှစ်ရာသီက ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ကို နှစ်ကျော့စလုံးအရေးနိမ့်ခဲ့ရပါတယ်။ ဒီလိုအနေအထားမှာ နှစ်သင်းစလုံးအတွက် အမှားခံလို့မရဘဲ ဘယ်အသင်းက အဆုံးသတ်မှာ အောင်ပွဲခံနိုင်မလဲဆိုတာ ကျွန်တော်တု့ိ ဘောလုံးစတားရဲ့အယ်ဒီတာအဖွဲ့က ရှုထောင့်ပေါင်းစုံကနေ သုံးသပ်ဆွေးနွေးထားပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၁၂) ---------------------------- ယူနိုက်တက် - မန်စီးတီး (ည ၁၂း၀၀)

အခြားဗီဒီယိုများ

Johnny English Movie Review
ဖျော်ဖြေရေး
ကြည့်ရှုသူ ၇၆၈ ဦး ၁၂ရက် ဖေဖော်ဝါရီလ, ၂၀၂၂
ယနေ့အတွက် နေ့စဉ်သတင်းများ စုစည်းတင်ဆက်မှု
သတင်းများ
ကြည့်ရှုသူ ၄၇၉ ဦး ၁၃ရက် ဇွန်လ, ၂၀၂၁