You are currently offline. Check your connection.

ချဲလ်ဆီးရဲ့အံ့အားသင့်ဖွယ်ခြေချော်မှုကို လီဗာပူး အခွင့်ကောင်းယူနိုင်မလား
ကြည့်ရှုသူ ၄၂၉ ဦး
၆ရက် နိုဝင်ဘာလ, ၂၀၂၁
ဒီညမှာလည်း ပရီးမီးယားလိဂ်ပွဲတွေက အကြိတ်အနယ်ရှိလာနိုင်ပြီး မနေ့ညကတော့ အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးအသင်း အိမ်ကွင်းမှာပဲ ဘန်လေနဲ့ ၁-၁ ဂိုးသရေကျသွားပါတယ်။ ဒီညမှာ လီဗာပူးက ဝက်စ်ဟမ်းနဲ့အဝေးကွင်းပွဲကျပ်ကစားရမှာဖြစ်ပြီး တကယ်လို့ အနိုင်ရရင်တော့ ချဲလ်ဆီးနဲ့ ၁ မှတ်အကွာဖြစ်သွားမှာပါ။ ဝက်စ်ဟမ်းကလည်း ပြည်တွင်း၊ ပြည်ပမှာ ခြေစွမ်းပြနေလို့ လီဗာပူးအနေနဲ့ လိုအပ်နေတဲ့နိုင်ပွဲ ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) ============== အာဆင်နယ် - ဝက်ဖို့ဒ် (ည ၈း၃၀) အဲဗာတန် - တော့တင်ဟမ် (ည ၈း၃၀) လိဒ်စ်ယူနိုက်တက် - လက်စတာ (ည ၈း၃၀) ဝက်စ်ဟမ်း - လီဗာပူး (ည ၁၁း၀၀)

အခြားဗီဒီယိုများ

Moom Lovers, Start-Up တို့နဲ့နာမည်ရလာတဲ့ မင်းသမီး Kang Han Na ရဲ့ ၃၄ နှစ်ပြည့် မွေးနေ့
ဖျော်ဖြေရေး
ကြည့်ရှုသူ ၁၇၄ ဦး ၂၉ရက် ဇန်နဝါရီလ, ၂၀၂၃
ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ သူများအားမကိုးနဲ့ တရားတော် အပိုင်း(၂)
တရားတော်များ
ကြည့်ရှုသူ ၄၇၄ ဦး ၉ရက် ဇူလိုင်လ, ၂၀၂၀