You are currently offline. Check your connection.

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် စစ်တွေမြို့အနီးမှ ဖြတ်ကျော်နိုင်၍ အနီ ရောင်အဆင့်သတ်မှတ်
ကြည့်ရှုသူ ၁၆၂ ဦး
၁၂ရက် မေလ, ၂၀၂၃
အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်နိုင်၍ အနီ ရောင်အဆင့်သတ်မှတ် ***************************************** အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)ဟာ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar) နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu) တို့ကြား စစ်တွေမြို့ (Sittwe) အနီးကနေ မေလ ၁၄ ရက် နေ့လယ်ပိုင်းမှာ အားအလွန်ကောင်း သော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုဦးတည်သွားနေတဲ့ MOCHA CYCLONE မုန်တိုင်းကြီးသည် အဖျက်စွမ်းအားအပြင်ထန်ဆုံးလို့သတ်မှတ်ထားတဲ့တစ်နာရီလေတိုက်ခတ်နှုန်း၁၃၂မိုင် လေပြင်းတိုက်ချိန် ၁၄၀မိုင်တိုက်ခတ်နေပြီး ရေလှိုင်းအမြင့်မှာ မုန်တိုင်းဗဟိုချက်အနီးတွင် ရေလှိုင်းအမြင့် ၅၀ပေအထိရှိကာ CAT5 မုန်တိုင်းကြီးအဆင့်ကိုရောက်ရှိသွားပြီဖြစ်ပါတယ် အလွန်အန္တရာယ်ကြီးမားပါသဖြင့်ဘေးကင်းရာကိုကြိုတင်ရှောင်ရှားနိုင်ကြစေရန် သတိပေးနှိုးဆော်အပ်ပါသည်။ အဆိုပါအလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(ExtremelySevere Cyclonic Storm) “မိုခါ”(MOCHA)၏အရှိန်ကြောင့် မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူမြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသူများအနေဖြင့်မုန်တိုင်းဒီရေအန္တရာယ်ကိုကြိုတင်သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်ကိုကြိုတင်သတိပြုနေထိုင်ကြပါရန်၊ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ လုံးဝ(လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုအနေဖြင့်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်။

အခြားဗီဒီယိုများ

အရှင်သုစိတ္တ မော်ကျွန်းဆရာတော်၏ မလိုချင်ပဲရတဲ့ဖိအား တရားတော်
တရားတော်များ
ကြည့်ရှုသူ ၁၈၀ ဦး ၂၇ရက် ဖေဖော်ဝါရီလ, ၂၀၂၃
လူသားတို့အတွက် စက္ကူ ကိုတီထွင်ပေးခဲ့သူ - ချိုက်လွန် Cai Lun
ဗဟုသုတ
ကြည့်ရှုသူ ၄၁၈ ဦး ၆ရက် ဖေဖော်ဝါရီလ, ၂၀၂၂
တိုင်းရင်းဆေးဆရာကြီးဦးရန်အောင်၏ "ရေလဲမပိုင် ဆေးမကိုင်ရ" အကြောင်း
ကျန်းမာရေး
ကြည့်ရှုသူ ၇၁၅ ဦး ၁၃ရက် ဇူလိုင်လ, ၂၀၂၁