You are currently offline. Check your connection.
💦💦💦 မုန့်လုံးရေပေါ် 💦💦💦
457 Views
13th Apr, 2022
ဒီနေ့မှာတော့ သင်္ကြန်မုန့်တွေထဲမှာ မင်းသားကြီးလို့ပြောလို့ရတဲ့ မုန့်လုံးရေပေါ်ပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ် ။ သင်္ကြန်ဆိုရင် ဟိုနေရာ၊ ဒီနေရာတွေမှာ မုန့်လုံးရေပေါ်တွေ လုပ်ကြ၊ ကျွေးကြနဲ့ ပျော်စရာကောင်းတဲ့ ရိုးရာဓလေ့တစ်ခုပါပဲ။ မိသားစု သူငယ်ချင်း မိတ်ဆွေတွေ ဝိုင်းဖွဲ့ပြီး ထန်းလျက် ညှပ်သူကညှပ်၊ မုန့်လုံးသူက လုံး၊ ပြုတ်သူက ပြုတ်၊ စားသူက စား၊ လိုက်ဝေသူက ဝေနဲ့ သိပ်ကို ပျော်စရာ ကောင်းလှပါ တယ်။ သင်္ကြန်ရိုးရာ မုန့်လုံးရေပေါ် ပြုလုပ်ပြီး ခါသင်္ကြန်ကာလမှာ ပျော်ရွှင်ပါစေရှင် ...