You are currently offline. Check your connection.

အသင်းကြီးတွေကိုချည့်ပဲ ဖြုတ်လာတဲ့ ဗီလာရီးရဲလ် လီဗာပူးကိုရော ကျော်ဖြတ်နိုင်မှာလား
ကြည့်ရှုသူ ၃၂၄ ဦး
၂၆ရက် ဧပြီလ, ၂၀၂၂
မနေ့ညက မန်စီးတီးနဲ့ရီးရဲလ်ပွဲကတော့ နှစ်သင်းပေါင်း ၇ ဂိုးသွင်းပြီး အကြိတ်အနယ် ရှိခဲ့သလို ယနေ့ညမှာလည်း နောက်ထပ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ဗီလာရီးရဲလ်တို့ရဲ့ ပွဲစဉ်ရှိနေပါတယ်။ လီဗာပူးကတော့ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာမှာ ရှိနေပေမယ့် အဆင့် ၁ က မန်စီးတီးနဲ့ ၁ မှတ်သာ ကွာပါတယ်။ ဗီလာရီးရဲလ်ကတော့ လာလီဂါမှာ ရပ်တည်မှုသိပ်မကောင်းပေမယ့်လည်း ဥရောပအဆင့်မှာတော့ မယုံနိုင်စရာ ခြေစွမ်းတွေ ပြသကာ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်တို့လို ဥရောပထိပ်တန်း အသင်းတွေကိုချည့်ပဲ ဖြုတ်ချကာ လက်ရှိဆီမီးဖိုင်နယ်အဆင့်ထိ တက်လာခဲ့ပါတယ်။ ဒီတစ်ခေါက် အူနိုင်းအမ်မရီနဲ့ ဗီလာရီးရဲလ်ကို စမ်းသပ်မှာကတော့ လီဗာပူးဖြစ်ပြီး အန်ဖီးလ်မှာကစားရမှာ ဖြစ်ပါတယ်။ ဖျက်မြင်းအသင်းကနေ ချန်ပီယံလမ်းကြောင်းပေါ်ထိ ရောက်လာတဲ့ ဗီလာရီးရဲလ်တို့ လီဗာပူးကိုရော ကျော်ဖြတ်နိုင်ဦးမလားဆိုတာကို ဘောလုံးစတားရဲ့ ပွဲကြိုသုံးသပ်ချက်အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ =================== လီဗာပူး Vs ဗီလာရီးရဲလ် ( ဗုဒ္ဓဟူး ည ၁ နာရီခွဲ )

အခြားဗီဒီယိုများ

သင့်ဦးနှောက်စွမ်းရည်ကို စမ်းသပ်မယ့် ပဟေဠိများ
ဗဟုသုတ
ကြည့်ရှုသူ ၅၄၈ ဦး ၇ရက် ဇန်နဝါရီလ, ၂၀၂၁
Happy Birthday ပါ အန်ဆယ်လော့တီရေ....
ဘဝနေထိုင်မှု
ကြည့်ရှုသူ ၅၄၈ ဦး ၉ရက် ဇွန်လ, ၂၀၂၀