You are currently offline. Check your connection.
Tom Hanks ဆိုတာဘယ်သူလဲ
424 Views
24th Jul, 2022
တကယ်တော့ မင်းသားကြီး Tom Hanks လို့ဆိုရင် နိုင်ငံတကာရုပ်ရှင်ချစ်သူတွေအနေနဲ့ မသိသူမှမရှိသလောက်ကို ရှားပါးမယ်ထင်ပါတယ်။ Tom Hanks ဟာ ၁၉၇၇ ခုနှစ်ရဲ့ Great Lakes Shakespeare Festival မှာ စတင်သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ နယူးယောက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ ရုပ်သံအစီအစဉ် sitcom စီးရီးတစ်ခုဖြစ်တဲ့ Bosom Buddies မှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမဲ့ ရွန်ဟိုဝက်ရိုက်ကူးတဲ့ Splash ရုပ်ရှင်ကားနဲ့မှ ပိုမိုနာမည်ကြီးခဲ့ပါတယ်။ သူဟာ ပိုမိုနာမည်ကျော်ကြားတဲ့ရုပ်ရှင်ကားတွေဖြစ်တဲ့ Big, Forrest Gump, Cast Away တို့မှာပါ ပါဝင်သရုပ်ဆောင်ခဲ့ရပြီး ဟောလိဝုဒ်ရဲ့ လွှမ်းမိုးနိုင်မှုအရှိဆုံးနဲ့ အလေးစားခံရဆုံးရုပ်ရှင်သရုပ်ဆောင်တွေထဲကတစ်ယောက်ဖြစ်လာခဲ့သူပဲဖြစ်ပါတယ်။