You are currently offline. Check your connection.
ဆယ်သက်စားမကုန်နိုင်တဲ့ ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ရဲ့ လက်ဝတ်ရတနာစုဆောင်းမှုများ
637 Views
21st Jan, 2021
ဆုပေးပွဲတွေ၊ အခမ်းအနားတွေ တက်ရောက်တဲ့အခါမှာ ဘယ်လိုဝတ်ဆင်ရမလဲဆိုတာ ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ ကောင်းကောင်းနားလည်ထားပါတယ်။ လူမှာအဝတ်၊ တောင်းမှာအကွပ်ဆိုသလိုပဲ အခမ်းအနားတွေမှာ လိုက်လျောညီထွေစာ ဝတ်စားဆင်ယင်တတ်တာကလည်း ရော်နယ်ဒိုတို့စုံတွဲရဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။ သူတို့ဟာ မကြာသေးခင်က အရှေ့အလယ်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Dubai Globe Soccer Awards အခမ်းအနားကို အထူးဧည့်သည်တော်တွေအနေနဲ့ တက်ရောက်ခဲ့ပြီး အဲဒီပွဲမှာ လက်ဝတ်ရတနာတွေအပေါ် သူတို့ရဲ့ချစ်ခင်မြတ်နိုးမှုကို အထင်းသားတွေ့မြင်ခဲ့ရပါတယ်။
ရာစုနှစ်အတွင်း အကောင်းဆုံးကစားသမားအဖြစ် ရော်နယ်ဒို ရွေးချယ်ခံရပြီးနောက် ဆုကို တက်ရောက်ရယူခဲ့ပြီး အဲဒီမှာ သူ့လက်တစ်ဘက်တည်းမှာပဲ ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေရဲ့တန်ဖိုးက စုစုပေါင်း ပေါင် ၆သိန်းကျော်ပါတယ်။ ပြီးတော့ စက်တင်ဘာလတုန်းကလည်း အသက် ၂၆ နှစ်အရွယ်ရှိ သူ့ချစ်သူ ဂျော်ဂျီနာက ပေါင် ၆၁၅၀၀၀ တန်ကြေးရှိ စေ့စပ်လက်စွပ်ကို လူမှုမီဒီယာမှာ ပြသခဲ့ပါသေးတယ်။ သူတို့ရဲ့လက်ဝတ်ရတရာစုစုပေါင်းတန်ကြေးက အနည်းဆုံး ပေါင် ၂.၆ သန်းရှိမယ်လို့ ခန့်မှန်းရပြီး သူတို့ စုဆောင်းထားတဲ့လက်ဝတ်ရတနာတွေအကြောင်း ပြောပြပေးချင်ပါတယ်။